By The Stateless Rohingya

မြန်မာနိုင်ငံမှ ကျူးလွန်ခဲ့သည့် ပြစ်မှု မြောက်သည့် အပြစ် များကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖုံးကွယ်ရန် အတွက် လှည့်စား နေချိန်တွင် တဲစုတ် အများအပြားတွင် ဆင်းရဲ ဒုက္ခ များစွာဖြင့် ခိုလှုံလျက် ရှိသော ရိုဟင်ဂျာ ဒုက္ခသည် များသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တို့၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင် သူတို့၏ မွေးရပ်မြေသို့ ပြန်ရန် အဆင်သင့် ရှိသည်။

သြဂုတ်လ အတွင်း မြန်မာနိုင်ငံ လူမျိုးတုန်း သတ်ဖြတ်မှု များမှ ထွက်ပြေးလွှတ်မြောက် လာသူ ဘာလူခါလီ ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ခေါင်းဆောင် တဦးဖြစ်သော ဦးကျော်မင်းမှ “ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရက ပြောတဲ့ စကားအပေါ် မူတည်ပြီး ဆင်းကန်း တောတိုး ပြန်သွားလို့ မဖြစ်ဘူး။ မြန်မာအစိုးရ က ကျွန်တော်တို့ ရွာတွေအိမ်တွေကို မီးရှို့ပြီး မြေညှိစက် နဲ့ ရှင်းထားလိုက်တယ်”။

 “မြန်မာအစိုးရရဲ့ ဆက်လက်ညှင်းဆဲ နှိပ်ကွပ်မှု တွေကြောင့် လူတွေ အခုအချိန်ထိ ထွက် ပြေးနေရ တုန်းဘဲ။ တကယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ပတ်သက်ြ့ပီး ကာကွယ်ပေး မယ်ဆိုယင် ကျွန်တော်တို့ ဇာတိမြေကို ပြန်ဖို့ အဆင်သင့်ဘဲ”။

မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် သြဂုတ်လ တွင် စတင်ခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှု ပူးပေါင်း စစ်ဆင်ရေးကြောင့် ခြောက်လ အတွင်း ရိုဟင်ဂျာလူမျိုး ၇၀၀,၀၀၀ ခန့် မြန်မာ နိုင်ငံမှ ထွက်ပြေးခဲ့ရသည်။

ဤ စစ်ဆင်ရေးကြောင့် ရာပေါင်းများစွရှိသော ဗလီနှင့် ဘာသာရေး အဆောက်အအုံ များ အပါအဝင် ရွာပေါင်း ၃၅၀ ကျော် အဖျက်ဆီး ခံခဲ့ရပါသည်။

ဤ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်မှ ရိုဟင်ဂျာ ကလေး၊ မိန်းမနှင့် ယောင်္ကျား ၁၂,၀၀၀ ကျော် လူမျိုတုန်း သတ်ဖြတ် ခဲ့သည်။ မြန်မာ စစ်တပ်က  ရိုဟင်ဂျာ မိန်းကလေး များနှင့် အမျိုးသမီး များအပေါ် အဓမ္မ ပြုကျင့်ခြင်း ကို လက်နက် သဖွယ် သုံးခဲ့ သော ရလဒ်ကြောင့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် စခန်းတွင် နေထိုင်လျက် ရှိသော အသက်ရှင် ထွက်ပြေးလာသူ မိန်းကလေးငယ်များနှင့် အမျိုးသမီး အများအပြားသည် အဓမ္မပြုကျင့်ခြင်းနှင့် ရက်စက် ယုတ်မာ မှုများ စတင်ချိန်မှ စ၍ ၉ လ ကြာသည် အချိန်တွင် ကလေးများ မွေးဖွားကြရန် မျော်လင့်နေ ကြသည်။