By The Rohingya Post

ဆီဒိက်အာမတ်သည် မိသားစုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်သူ ဖခင်ကောင်း တဦးဖြစ်ပြီး ကြင်နာတတ်ပြီး ဆက်ဆံရေး ပြေပြစ်မှုကြောင့် ရွာတွင် လူချစ်လူခင် ပေါများ သူ တဦးလည်း ဖြစ်ပါသည်။

အောက်တိုဘာလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်  ကျေးရွာတွင် စခန်းချ နေသော မြန်မာစစ်တပ်က လက်နက်မဲ့ ရိုဟင်ဂျာ တံငါသည် တဦးကို သတ်ဖြတ် ခဲ့သည်။

သတ်ဖြတ် ခံရသူမှာ ဆင်သေပြင်ကျေးရွာမှ ဆုလ်တန်အာမတ်၏ သား ဆီဒိက်အာမတ် ဖြစ်သည်။

ဒေသ စံတော်ချိန် နံနက် ၁၁ ခန့်တွင် ရွာသားများနှင့် အတူ ငါးဖမ်းနေစဉ် အနီးအနားရှိ တောင်ကုန်းမှ ငါးဖမ်းနေသည့် လူအုပ်စုသို့ စစ်အရာရှိ တဦးမှ သေနပ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ဆီဒိက်အာမတ်၏ ခေါင်းကိုသေနတ်မှန်၍ နေရာတွင် ပွဲခြင်းပြီး သေဆုံး သွားခဲ့သည်။

၆၅ နှစ် အရွယ် သေဆုံးသူ၏ အလောင်းကို ရွာသားများက ရွာသို့ သယ်ဆောင် လာခဲ့ရာ စစ်တပ် တာဝန်ရှိသူများက အပြစ်မဲ့ အရပ်သား တဦး အသတ် ခံရခြင်းကို ဆေးစစ်ချက် ယူခြင်း၊ စုံစမ်း စစ်ဆေးခြင်းများ မပြုလုပ်ဘဲ သင်္ဂြုံလ်ရန် ပြောခဲ့သည်။

သူ့ကို သူ့ရွာတွင် နေ့လည် ၁၂း၃၀ တွင် သင်္ဂြုံလ် ခဲ့သည်။

ဆီဒိက်အာမတ် သည် အသက်မွေးဝမ်းကျောင်း လုပ်ငန်း အဖြစ် ငါးဖမ်းခြင်းနှင့် ကွမ်းရွက် ရောင်းခြင်း တို့ကို လုပ်ကိုင်သူ တဦး ဖြစ်ပြီး သူ့တွင် အိမ်ထောင်ပြုပြီးသူ သား သုံးယောက် သမီး နှစ်ယောက်နှင့် အိမ်ထောင် မပြုရသေးသူ သမီး နှစ်ယောက် ကျန်ခဲ့သည်။

ဆီဒိက်အာမတ်သည် မိသားစုကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်သူ ဖခင်ကောင်း တဦးဖြစ်ပြီး ကြင်နာတတ်ပြီး ဆက်ဆံရေး ပြေပြစ်မှုကြောင့် ရွာတွင် လူချစ်လူခင် ပေါများ သူ တဦးလည်း ဖြစ်ကြောင်း ရွာသား တဦးမှ ရိုဟင်ဂျာ ဟစ်တိုင် (Rohingya Post) သို့ ပြောကြား ခဲ့ပါသည်။

သူဆုံးသွားခြင်းသည် မိသားစု အထူးသဖြင့် ကြည့်ရှု စောင့်ရှောက် မည့်သူ မဲ့သွားသည့် အိမ်ထောင် မပြုရ သေးသော သမီးနှစ်ယောက် အတွက် ကြီးမားသော ဆုံးရှုံးမှု တခု ဖြစ်ကြောင်း ယင်း ရွာသားက ဆက်လက် ပြောကြား ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ တွင် ဖြစ်ပွားခဲ့သော လူမျိုးတုံး သတ်ဖြတ်မှု များကြောင့် ရိုဟင်ဂျာ လူမျိုး ၇၅၄,၀၀၀ ကျော် ဘင်္ဂလာဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ပြီးနောက် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသော ရိုဟင်ဂျာ အရပ်သား များမှာ ဗုဒ္ဓဘာသာ ရခိုင် တပ်ဖွဲ့ (အေအေ) နှင့် မြန်မာ စစ်တပ် အကြား ဖြစ်ပွား နေသော စစ်ပွဲ တွင် ကြားညှပ် နေပြီး မကြာခဏ တိုက်ခိုက် ခံရခြင်း များလည်းရှိသည်။