၁၅-၀၉-၂၀၁၉

By The Rohingya Post

 “ကျွန်တော်တို့ကို ထိမှာစိုးလို့ ရွာကနေ ထွက်ပြေး နေကြ ရပြီ”

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု၊ ဟာရန်ခါလီ ကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရခိုင်တပ်ဖွဲ့ (အေအေ)နှင့်မြန်မာ စစ်တပ်တို့၏ တိုက်ပွဲကြောင့် ရိုဟင်ဂျာ အရပ်သား တဦး သေဆုံးခဲ့သည်။

ဘူးသီးတောင် တောင်ပိုင်း၊ သပိတ်တောင် ကျေးရွာတွင် ရခိုင်တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ် တိုက်ခိုက်မှု အတွင်း မြန်မာစစ်တပ်မှ ပစ်ခတ်သော ကျည်ဆံ ထိမှန်၍ အဒူမူနာဖ်၏ သား အဒူကရိမ်  (၄၇နှစ်) သေဆုံးသွား ခဲ့သည်။

သေဆုံးသူတွင် သမီး ၅ ယောက် ကျန်ရစ်ခဲ့ပြီး အိမ်တွင် လုပ်ကိုင် ကျွေးမွေးမည့် ဖခင် ဆုံးပါး  သွားသည့် အတွက် များစွာ ဒုက္ခရောက် နေသည်။

ဤအဖြစ်အပျက်မှာ ဒေသ စံတော်ချိန် မနက် ၁၁း၃၀ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  ဟာရန်ခါလီ ရွာသား တဦး၏ ပြောကြားချက် အရ ဘူးသီးတောင် နေရာ များစွာတွင် နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ ခြင်းကြောင့် ရိုဟင်ဂျာ ကျေးရွာများစွာ ကြားညှပ်  နေပြီး ကျေးရွာသား များစွာ တို့မှာလည်း ဒဏ်ရာများ ရကြသည်။

ရိုဟင်ဂျာ ရွာသား တယောက်က “မြန်မာစစ်တပ်နဲ့  ရခိုင်တပ်ဖွဲ့တွေအဆက်မပြတ် တိုက်ခိုက် နေလို့ ကျွန်တော်တို့ ရွာထဲမှာ မနေနိုင် တော့ဘူး” ဟု ပြောသည်။

တခြား ရွာသား တယောက်က “ကျွန်တော်တို့သေနတ် မှန်မှာ စိုးလို့ ရွာကနေ ထွက်ပြေး နေကြ ရပြီ” ဟု ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှစ၍ ရခိုင် ဗုဒ္ဓဘာသာဝင် များနှင့် ရိုဟင်ဂျာ မူဆလင် ၆၀,၀၀၀ ကျော်တို့မှာ ပြည်တွင်းတွင် ရွှေ့ပြောင်း နေထိုင် ကြရပြီး အိုးအိမ်မဲ့ ဖြစ်နေရသည်။ ရွေ့ပြောင်းနေထိုင် ကြသည့် ရခိုင်များမှာ လူမူရေး အကူအညီ ပေးကြသည့် ရခိုင် အဖွဲ့ အစည်းများနှင့် အခြား ပြည်တွင်း အဖွဲ့အစည်း များမှ အကူအညီများ ရကြ သော်လည်း ရိုဟင်ဂျာ အရပ်သား များမှာ မည်သည့် အကူအညီ၊ အမိုးအကာများ မရကြချေ။

မြန်မာစစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် များစွာသော  ရိုဟင်ဂျာ အရပ်သားများမှာ ဒဏ်ရာ ရ သေကြေ ကြရသည်။